Pages

Monday 9 September 2013

ရင်ကျပ်ပန်းနာဆေး



soemoe: ကျွန်တော် ပန်းနာရင်ကျပ် (သို့) ရင်ကျပ်ရောဂါ ရှိပါတယ် ဆေးမြီးတိုလေးပြောပြပါ။


ဆေးနည်းမှာ……..


ရှောက်သီးတစ်လုံး၊လင်းနေမြစ်၊ဒန့်ဒလွန်မြစ်၊သဘောင်္ဖိုမြစ်-(ရှောက်သီးတစ်လုံးအလေးတူ)

အိုးထဲထည့် လုံအောင်ပိတ်၊ ကျွမ်းအောင်ဖုတ်၍ ကြိတ်ပါ။

၎င်းဆေးမှုန့်ကို လျှက်စားပါ။

တိမ်ကောပျောက်ကွယ်လုနီးဖြစ်သော

အထွေထွေဆေးနည်းကျော်များ

(ပထမတွဲ)

စာအုပ်မှ ကူးယူဖော်ပြလိုက်ပါတယ်။

ကျန်းမာကြပါစေ………..မင်းမင်းဇော်

အိပ်လို့မပျော်ရင် ဘယ်လိုလုပ်ရမလဲ

အိပ်လို့မပျော်ရင် ဘယ်လိုလုပ်ရမလဲ



နိုင: အိပ်မပျော်တယ့် ရောဂါ ခံစားနေရတာ သုံးနှစ်ကျော်ပါပြီ ဆေးနည်းလည်းစုံနေပြီ အဲရောဂါ ကို

လုံးဝပျောက်စေမယ့် ဆေးနည်းရှိရင် ရေးပေးပါ ခင်ဗျာ…………….

ကျွန်တော်ကို မေးလာတာက အိပ်လို့မပျော်ဘူး ဆေးစားတာလည်းစုံနေပြီးလို့ ပြောလာပါတယ်။

ဒါကို ကျွန်တော် အကြံပေးချင်တာက ဆေးစုံနေပြီးဆိုတော့ ဆေးနည်းတွေမပေးတော့ပါဘူး။

ဒါကတော့ ဓါတ်နည်းလေးပါ။ မယုံ မရှိပါနဲ့ သုတေသီဆရာငြိမ်း လက်တွေ့ အသုံးဝင် နည်းစုံလင်

စာအုပ်မှ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလေးကတော့ ကိုယ်ပတ်ဝန်းကျင်မှာရှိနေကြတဲ့ အပင်တွေထဲက ကြောင်ပန်းရွက် ကိုရှာပါ။

ရလာရင် ကြောင်ပန်း အရွက်တွေကို သပ်ချ၊ခြွေချပြီး ခေါင်းအုံးလေး အဖြစ် ဖန်တီးလိုက်ပါ။

ကြောင်ပန်းရွက် ခေါင်းအုံးလေး ရလာပြီးဆိုရင်ဖြင့် စိတ်သာချပါတော့။ ကြောင်ပန်းရွက် ခေါင်းအုံး

လေးပေါ် ခေါင်းတင်ပြီး မှေးလိုက်တာနဲ့ ဘာမှကြာလိုက်မှာ မဟုတ်ပါဘူး။

မျက်လုံးတွေ စင်းကျ၊မျက်တောင်တွေ မှေးကျလာပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျသွားမှာပါ။
 
သုတေသီဆရာငြိမ်း

အကြောအခြင်တွေ ကိုက်ခဲနေရင် ဘယ်လိုလုပ်မလဲ



နည်းမှာ……..

အဲဒါကတော့ မခံမရပ်နိုင်အောင် ကိုက်ခဲနေတဲ့ အကြောအခြင်ရှိရာနေရာတွေ အပေါ်ကို

နို့ရည်စိမ်ထားတဲ့ အဝတ်စနုနုကလေးနဲ့ ပွတ်တိုက်ပေးဖို့ပါပဲ သိပ်မကြာပါဘူး ကိုက်ခဲတင်း

တောင့်နေတဲ့ အကြောအခြင်တွေဟာ အံသြဖွယ်ကောင်းလောက်အောင် ပျော့ပျောင်းနုညံ့ပြီး

တဒင်္ဂခဏတာ အတွင်မှာ သိသိသာသာဆိုသလို သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
 

သုတေသီဆရာငြိမ်း

လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး


ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသော

လိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံ

သဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။

ကျွန်တော်  တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့်

ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။

သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်းမရ။

ညည်းတွားနေရသည်။

ဆေးနည်း....

ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက်

ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပြီး

သွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။

ပုံသဏ္ဍာန်

ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်

ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်

ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။


ကျန်းမာကြပါစေ.............မင်းမင်းဇော်

ကင်ဆာရောဂါအတွက် သဘောင်္ရွက်



လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည်

ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။

(ဆောင်းပါးနည်းနည်းရှည်သည် အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍ ဖတ်ကြပါလေ)

“ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည် ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင် ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီ ဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည် ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရော ဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက်ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။

ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီးဒေါက်တာ တင်အောင်သည် ကွယ်လွန် သွားရှာသည်။ ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို

မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည် ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက် အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန် လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသောအတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာအောက်ပါအတိုင်း ဖြစ်ပါသည်။

“သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။

“ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။

၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက် သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို

ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။

ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကိုပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေး လုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိ မူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက်ကင်းပါသည်။

(ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲ တွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။

ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက်

၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ

ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိ ကင်ဆာ အကျိတ်များ ပျောက်ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။ ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက် ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်း ကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကိုမှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်းစစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေး အာနိသင်ပြယ် တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအား ကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင်သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည်

တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။

ဒေါက်တာခင်ရွှေ

(တိရစ္ဆာန်ဆေးကုဆရာဝန်)

ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။

ကျွှန်တော်သည် ထိုအကြောင်းကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကိုစကား စပ်မိရင်း ပြောပြ သည်။ ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦးအားပြောပြသည်။ သင်္ဘောရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။

ဆရာတက္ကသိုလ်ဝင်းမွန်က “ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့ လည်ပင်းကြီးရောဂါဟာသိသိသာသာ လျော့ကျသွားတယ်” ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော ရွက်စိမ်းကတော့တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။

ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။ ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့်စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။ ကျွန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။

ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။

ရောဂါ ၊ဝေဒနာခံစားမှုမှ လျှော့ပါးနိုင်ကြပါစေ။

မှတ်ချက်။

Forward mail ကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ ဤစာကို ဖတ်ရှုပြီးနောက် မိမိတို့ ၏နီးစပ်ရာသူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများကိုလည်း လူချင်းဖြင့်သော်လည်းကောင်း ၊ online မှတစ်ဆင့်သော်လည်းကောင်း တစ်ဆင့်ပြန်လည်ဖြန့် ဝေပေးခြင်းဖြင့် ကုသိုလ်ပြုကြပါလို့ တိုက်တွန်းပါတယ်။

ခေါင်းကိုက်ရောဂါပျောက်...ရေနွေးကြမ်းသောက်


ခေါင်းကိုက်ဝေဒနာခံစားနေရလို စိတ်ညစ်သူများ အတွက်.....

ဆေးနည်းမှာ အလွန်လွယ်ကူပါသည်။ ဒါပေမယ့် စိတ်ချပါ သေချာပေါက်ပျောက်ကင်းပါသည်။

ဆေးနည်းမှာ....

လက်ဖက်ခြောက်ကဲ့သို့ ရေးနွေးကြမ်း တစ်ခွက်ထဲသို့ သံပရာသီး တစ်စိတ်ခန့် ညှစ်ထည့်ပြီးပူပူလေ မှုတ်သောက်ရခြင်း ဖြစ်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်သူများ အတွက်သောက်သုံးနိုင်ပါသည်။

ကျန်းမာကြပါစေ
မင်းမင်းဇော်

ဆီးချို နှင့် နှလုံးရောဂါ


ဆီးချို နှင့် နှလုံးရောဂါ

ဆီးချို နှင့် နှလုံးရောဂါ ကာကွယ်လိုသူများအတွက် အစွမ်းလည်းထက် အရသာလည်းရှိသော ဓာတ်စာတစ်ခု
[By Zayar Myatkhaing]

Almond ဟုခေါ်သော အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို သိသာစွာ လျှော့ချနိုင်ကြောင်း အမေရိကန် သုတေသီများ၏ နောက်ဆုံး သုတေသနရလဒ် တစ်ခုအရ တွေ့ရှိ အတည်ပြုနိုင်ခဲ့သည်။ Al...mond ခေါ် အခွံမာသီး အဆန်များဆိုသည်မှာ ချောကလက်များတွင် ပါရှိတတ်သော ဆိမ့်သည့် အရသာ ရှိသော အဆန်များ ဖြစ်သည်။

ရက်သတ္တ ၁၆ ပတ်ကျော် ကြာမြင့်ခဲ့သော အဆိုပါ သုတေသနတွင် ပါဝင် အစမ်းသပ်ခံသူများသည် တစ်နေ့တာ အစားအသောက်အားလုံး၏ ၂၀% အဖြစ် အခွံမာသီး အဆန်များအား စားသုံးခဲ့ကြသည်။ ၄င်းတို့၏ သွေးတွင်းရှိ LDL-cholesterol ခေါ် မကောင်းသော ကိုလက်စထရော အဆီဓာတ်များ သိသာစွာ ကျဆင်းသွားပြီး ဆီးချို ဖြစ်စေမှုကို ကာကွယ်ပေးသော အင်ဆူလင် ဟော်မုန်း၏ စွမ်းရည် (insulin sensitivity) ကိုပါ အထူးကောင်းမွန်စေကြောင်း သိပ္ပံနည်းကျ စမ်းသပ် အတည်ပြု နိုင်ခဲ့သည်။ ထိုသို့သော အရည်အသွေး အာနိသင်များကြောင့် အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရာ ရောက်စေသည်ဟု အမေရိကန် ကျန်းမာရေး ပညာရှင်များက ပြောပြခဲ့သည်။



ယခုတွေ့ရှိချက် ရလဒ်နှင့် ပတ်သက်၍ နာမည်ကျော် အမေရိကန် ကျန်းမာရေး မီဒီယာတစ်ခုဖြစ်သော Hive Health Media မှ "ယနေ့ခေတ်တွင် အမေရိကန် နိုင်ငံသားများထဲမှ ၁၆ သန်းသည် ဆီးချိုရောဂါ ၀င်တော့မည့် အနေအထား ရှိနေပေရာ Almond အဆန်များကို ပုံမှန် အစားအသောက်ထဲတွင် နေ့စဉ် ထည့်စားပေးခြင်းဖြင့် ဤအနေအထားကို တားဆီးကာကွယ်နိုင်မည်ဟု မျှော်လင့်ပါသည်" ဟု ၄င်းတို့၏ ၀က်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။
Written by : ဒေါက်တာသီဟသစ်

ဆံပင်ကျဲခြင်းနှင့် ဝဖြိုးခြင်း အန္တာရယ်



ဆံပင်ကျဲပြီး ပါးတာ၊ ထိပ်ပြောင်နေတာဟာ  အမျိုးသားတွေမှာသာ အဖြစ်များကြောင်း
သိကြပါတယ်။အမျိုးသမီးအများစုမှာတော့ ထိပ်ပြောင်နေတဲ့ အထိ ဆံပင်မပေါက်ခြင်းဟာ
ရှားပါးတဲ့ အဖြစ်ပါ။

ဒါပေမယ့် ဆံပင်တွေကျဲပြီး ပါးတာကိုတော့  အဝလွန်တဲ့ အမျိုးသမီးတွေမှာ အတွေ့ရများတာ
သတိပြုမိကြပါလိမ့်မယ်။

ကိုယ်အလေးချိန် တိုးလာတာနဲ့ အမျှ ဆံပင်တွေကျွတ်ပြီး ကျဲကျဲလိုက်လာတာ သတိပြုမိသူ
ရှားပါတယ်။ကိုယ်ခန္ဓာဝဖြိုးမလာအောင် အစာတွေ ဘယ်လောက်ပဲလျှော့စားစား၊ဆံပင်ပါးလာမှုက
မလျော့သွားနိုင်တာ တွေ့ရပါတယ်။

ဦးခေါင်းမှာ ဆံပင်ပိုးစားလို့ အကွက်လိုက် ကျွတ်ထွက်သွားတာက ရောဂါပိုးကြောင့် ဖြစ်ရတာပါ။
အချို့ကျတော့ သိုင်းရွိုက် ဂလင်း(လည်ပင်းရှေ့တွင် ရှိသည်)မှာ တစ်စုံတစ်ရာချွတ်ယွင်းနေလို့ ဆံပင်
ကျိုးတိုးကျဲတဲ ဖြစ်သွားရတာလဲ ရှိပါတယ်။

ဆံပင် ပိုးစားတာကြောင့်လဲ မဟုတ်၊သိုင်းရွိုက်ဂလင်း  ပြဿနာကြောင့်လည်းမဟုတ်ဘဲ  ဆံပင်တွေ
ကျဲပြီး ပါးလာရင် ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုကတော့ အီစကြိုဂျင်ဟော်မုန်းကြောင့် ဖြစ်နိုင်ပါတယ်။
  အမျိုးသမီးတွေမှာ ထိန်းချုပ်ထားတဲ့ မ,ဟော်မုန်းလို့ခေါ်တဲ့ အီစကြိုဂျင်ဓာတ်များလာတဲ့ အခါ ပရိုဂျက်
စတုန်းလို့ခေါ်တဲ့ မ,ဟော်မုန်း နောက်တစ်မျိုးလျော့နည်းနေတတ်ပါတယ်။

အီစကြိုဂျင်ဓာတ်ရဲ့ သဘာဝက စားလိုက်တဲ့ အစားအစာတွေကို အဆီဓာတ်အနေနဲ့ ခန္ဓာကိုယ်တွင်း နေရာ
အနှံမှာ စုဝေးပြီး ထားစေတဲ့ အာနိသင်ရှိပါတယ်။ စုပြီးသားရှိနေတဲ့ အဆီတွေကိုလဲ စွမ်းအင်းရရှိအောင်
မသုံးဖို့လည်း သူက ဟန့်တားထားပါသေးတယ်။

ဒါကြောင့် အီစာကြိုဂျင်ဓာတ် လိုအပ်တာထက် များလေလေ ၊အဆီဓာတ်စုဝေးပြီး ခန္ဓာ ကိုယ်ဝဖြိုးလာလေလေဖြစ်ပါတယ်။

တိရစ္ဆာန် မွေးမြူးရေးသမားတွေဆိုရင် မွေးထားတဲ့ ကျွဲ၊နွား၊ကြက်၊ဘဲ စသည်တို့ကို အသားတိုးပြီး ဝဖြိုးလာအောင်အီစကြိုဂျင်ဟော်မုန်းတွေ သုံးလေ့ရှိကြပါတယ်။ဒါမှသာ ဈေးကွက်မှာ 
 အသားများများရောင်းရမှာဖြစ်ပြီး သူတို့အတွက် တွက်ခြေကိုက်မှာ ဖြစ်တာကိုး။

အီစကြိုဂျင်နဲ့ အလားတူ အမျိုးသမီးဟော်မုန်းတစ်မျိုးဖြစ်တဲ့  ပရိုဂျက်စကြုန်းကတော့ အဆီတွေ စုမနေရအောင်ရှိသမျှ အဆီတွေကို စွမ်းအင်ဖြစ်အောင် ထုတ်သုံးပေးရာမှာ အထောက် အကူပြု
 ဟော်မုန်းဖြစ်ပါတယ်။

ပုံမှန်ပမာဏ ရှိနေခဲ့ရင် ပရိုဂျက်စကြုန်းဟာ ခန္ဓာကိုယ် အတွက် စွမ်းအင်ပေးရုံသာမက ကိုယ်အလေးချိန်လျော့အောင်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအစာ ဆင်ခြင်ခြင်းတို့ကို
 အားပေးတဲ့ဟော်မုန်းဖြစ်ပါတယ်။

စွမ်းအင်ထုတ်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အတွက် အမျိုးသမီးတွေ မျိုးဥလွတ်ချိန်ကို ခန့်မှန်းရာမှာ ကူညီပေးတဲ့ ဟော်မုန်းလဲဖြစ်ပါတယ်။
သာမန် ကိုယ်အပူချိန်ကို  မျိုးဥလွတ်ချိန်မှာ ၀.၆ ဒီဂရီ မှ  ၀.ရ ဒီဂရီ အထိ မြင့်တက်စေပါတယ်။ဒီအချက်ကို အခြေခံပြီး အမျိုးသမီးတွေ မျိုးဥလွတ်ချိန်ကို သိရတာဖြစ်ပါတယ်။

ပရိုဂျက်စကြုန်း ပမာဏ ပုံမှန်ရှိနေရင် သိုင်းရွိုက်ဟော်မုန်း တွေကလဲ သူတို့ရဲ့ တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီပါပဲ။

ပရိုဂျက်စကြုန်း ပမာဏ နည်းနေတဲ့ အခါ သိုင်းရွိုက်ရဲ့ လုပ်ဆောင်မှုပုံမှန်ထက် လျော့နည်းသွားတဲ့
  ရောဂါလက္ခဏာတွေပြလာပါတယ်။

ဒီအချိန်မှာ သိုင်းရွိုက်ဟော်မုန်း ပမာဏကို တိုင်းကြည့်ရင် ပုံမှန်ဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် ရောဂါ လက္ခဏာကHypothyroidism  ခေါ်တဲ့ သိုင်းရွိုက် လျော့နည်းတဲ့ လက္ခဏာဖြစ်လို ဆရာဝန်များ
 အနေနဲ့ သိုင်းရွိုက် ဟော်မုန်းတွေအစားဖြည့်ပေးပြီး ကုပေးမှာဖြစ်ပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်း
 ပေးဖို့တော့ စဉ်းစား မိကြမှာ မဟုတ်ပါဘူး။

ပရိုဂျက်စကြုန်း နည်းနေတဲ့အခါ တခြား အင်ဒရိုဂျင်ခေါ်တဲ့ အမျိုးသားတွေမှာ ရှိတတ်တဲ့ ဟော်မုန်းမျိုး များလာတတ်ပါတယ်။
လျော့နည်းနေတဲ့ ပရိုဂျက်စကြုန်းကို  အစားဖြည့်ပေးဖို့ ခန္ဓာ ကိုယ်က အင်ဒရိုဂျင် ဟော်မုန်းတွေ ပိုပြီးထုတ်လုပ်ပေးဖို့ပါပဲ။
ဒီအခါမှာ အမျိုးသမီး တွေမှာ အမျိုးသားများ ဆံပင်ကျဲပါးပုံနည်းနဲ့  ထပ်တူဆံပင်များကျဲ လာ၊ ပါးလာ ရပါတယ်။အခန့်မသင့်ရင် ထိပ်ပါကွက်ပြီး ပြောင်လာတတ်ပါတယ်။
လျော့နည်းနေတဲ့ ပရိုဂျက်စကြုန်းကို ပုံမှန် ပမာဏာရောက်အောင်  ပြန်ဖြည့်ပေးနိုင်ရင်တော့  အင်ဒရိုဂျင် ဟော်မုန်းတွေပြန်လျော့သွားပြီး ဆံပင်တွေ (၆)လ အတွင်း မူလအတိုင်း ပြန်ပေါက်
လာနိုင်ပါတယ်။

ပရိုဂျက်စကြုန်း နည်းလွန်ရင်ဖြစ်စေ၊များလွန်ရင်ဖြစ်စေ ဦးခေါင်းမှာ ပွေးရောဂါလို ဆံပင်ပိုးတွယ်တတ်ပြီး  ဆံပင်များကျွတ်ထွက်သွားတဲ့ အထိ ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ပရိုဂျက်စတုန်း ပမာဏ 
ပုံမှန်သဘာဝအတိုင်း ရှိနေဖို့အရေးကြီးလှပါတယ်။

အထက်ပါ အကြောင်းအချက်တွေကို ပြန်ပြီး စဉ်းစားကြည့်ရင် အီစကြိုဂျင်များပြီး ပရိုဂျက်စကြုန်း ပမာဏ
မလုံလောက်တဲ့ အခါ ဆံပင်တွေ ကျဲလာ၊ပါးလာမှာ အသေအချာ ဖြစ်နေပါပြီ။ ဒီအပြင် အဝလွန်ပြီး ခန္ဓာကိုယ်အပူချိန်ဟာ သာမန်ထက် လျော့ကျနေတတ်ပါသေးတယ်။

ကျွမ်းကျင်သူများအနေနဲ့ မီးယပ်သွေးဆုံးနေတဲ့ အမျိုးသမီးများကို  အီစကြိုဂျင်ဓာတ် ပိုပြီးပေးလေ့ မရှိပါဘူး။သူတို့ရဲ့ ခန္ဓာကိုယ်က လုံလောက်တဲ့ ပမာဏထုတ်ပေးတဲ့  ပမာဏထုတ်ပေးနေတဲ့ အတွက်  အီစကြိုဂျင်ဓာတ်တွေ ထပ်စားစရာလဲ မလိုကြောင်း သိရပါတယ်။

ဝဖြိုးပြီးသား အမျိုးသမီးတွေမှာ တော့ အဆီဓာတ် စုဝေးမှု လက်စရှိနေပြီး သူတို့ရဲ့ အဆီက တစ်ဖန် အီစကြိုဂျင်ဓာတ်ပိုထုတ်ပေးစေတဲ့ အတွက် ပိုပြီး ဝဖြိုးလာဖို့ ရှိနေပါတယ်တဲ့။

ပရိုဂျက်စတုန်းဓာတ်ကို လွယ်လွယ်ကူကူရအောင် အရေပြားလိမ်းဆေးအသွင်နဲ့ ထုတ်လုပ်ထားတာ ရှိပါတယ်။

သွေးမဆုံးသေးတဲ့ အမျိုးသမီးများ အတွက် တစ်နေ့ကို ပရိုဂျက်စကြုန်း ပမာဏ (၁၅)မီလီဂရမ်မှ (၂၀)မီလီဂရမ်  အသုံးပြုနိုင်ပါတယ်။ မီးယပ်သွေးစ ပေါ်ပြီး (၁၂)ရက် (၂၆)ရက် 
အတွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီးများ အတွက် တစ်နေ့တာ လိုအပ်တဲ့ ပမာဏကိုတော့  (၁၂)မီလီဂရမ်မှ (၁၅)မီလီဂရမ်  သတ်မှတ်ထားပြီး ပြက္ခဒိန်ရက် (၂၅)ရက် အထိ (တစ်လမှာ  ၂၅ရက်) သုံးစွဲဖို့ 
ညွန်ကြားထားတာပါ။

ဆံပင်တွေ မကျွတ်ရအောင် ပါးပြီးမကျဲရအောင် အီစကြိုဂျင်ဓာတ်များတဲ့ အစားအစာတွေ၊ အသားတွေ၊
နွားနို့တွေကို ရှောင်ဖို့ လဲညွန်ကြားထားထယ်။ အထူးစားသုံး ရမယ် အစားအစာတွေအဖြစ် လတ်ဆတ်တဲ့
အသီးနှံ၊ ဟင်းသီး ဟင်းရွက် ၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုးကို အမြဲမှီဝဲပေးကြဖို့လဲ အကြံပြုထားပါတယ်။
ဒေါက်တာအောင်နိုင်
(ဆေးသုတေသန) 
ကျန်းမာကြပါစေ............မင်းမင်းဇော်ထံမှကူး.ူဖော်ပြသည်

မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့


 မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့
မြန်မာ အမျိုးသမီးများသည် ကမ္ဘာတွင် အလှဆုံးအတန်းအစားတွင် ပါဝင်ပါသည်။
  အသား၏ ညက်ညောခြင်း၊ မျက်လုံး မျက်ဖန်ကောင်းခြင်း၊ နှာတံနှင့် ပါးစပ်လှပခြင်း၊
အရပ်မောင်းနှင့် ကိုယ်လုံးကိုယ်ပေါက် အချိုးကျခြင်း၊ ဆံပင်ကောင်းခြင်း၊ သွားများ ညီညာ
ခြင်းတို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံခြားသူများကဲ့သို့  ချိုင်းချွေးနံ မပြင်းခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်သည်။
အပျိုဘဝတွင် ဤမျှလှပသော မြန်မာလုံမေများသည်။ မိခင်ဘဝရောက်၍ များစွာ အိုစာ
သွားခြင်းသည် အလွန်ကြီးမားသော အားနည်းချက်ဖြစ်နေပါသည်။
     
 အထူးသဖြင့် ဗိုက်ခေါက်ထူလာခြင်း၊ ဗိုက်သားများ ချပ်ချပ်ရပ်ရပ် မရှိဘဲ  ပျော့ရိပျော့တွဲနှင့်
ဗိုက်ကြောများ အထပ်ထပ်ပြတ်ကာ အရုပ်ဆိုးလာခြင်းများ ဖြစ်လာရပါသည်။

ရှေးက နနွင်းလိမ်ခြင်း၊ကြပ်ထုပ်ထိုးခြင်း၊အုတ်ပူကပ်ခြင်း များပြု၍ ချပ်ချပ်ရပ်ရပ်နှင့် လှပခဲ့ကြသော်လည်း ကိုလိုနီခေတ် နောက်ပိုင်းတွင် ထိုလုပ်ရပ်များသည် 
အပိုအလုပ်များဟု ယူဆကာ ပစ်ပယ်လာခဲ့ကြလေသည်။

တချို့မှာ သားသမီးအများကြီးမွေး၍ ပုံပျက် သွားရခြင်း ဖြစ်သော်လည်း အချို့မှာ ကလေးတစ်ယောက် နှစ်ယောက်လောက်မွေးရုံနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရလေသည်။
သာမန်အမျိုးသမီးများကို မဆိုထားဘိ။ အလှအပနှင့် စီးပွားရေးရာအခြေပြုရသော ရုပ်ရှင်မင်းသမီး၊ဇာတ်မင်းသမီးများကိုကြည့်ပါဦး။

တစ်ချိန်က အလှအပထိပ်ခေါင်အဖြစ် နာမည်ကြီးမင်းသမီးများ ယနေ့ ဗီဒီယိုခေတ်တွင် ဗိုက်ပူကြီးများဖြင့် မိခင်ခန်းများတွင် သရုပ်ဆောင်နေရသည်ကို တွေ့မြင့်ရပေမည်။
စင်စစ်ထိုမင်းသမီးများသည် ရုပ်မကျကြသေးပါ။မျက်နှာလေးများ လှပနေဆဲဖြစ်သော်လည်း ဗိုက်ရွဲ၊ဗိုက်ပူ၊ခါးတုတ်ကြီးများဖြစ်သွားခြင်းကြောင့် မိခင်ခန်းသို့ ကူးပြောင်းသရုပ်ဆောင်
နေခြင်းဟု သဘောရပါသည်။

မြန်မာမိခင်များအနေဖြင့် အနောက်တိုင်းကလို အချိန်ပေးပြီး အစားအသောက် ဆင်ခြင်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုရခြင်း၊အေရိုးဗစ်ကစားရခြင်း၊ တုန်လှုပ်နေသော ခါးပတ်စက်ဖြင့် အဆီလျှော့ခြင်း၊အဆီပျော်ဆေးထိုးပြီး အဆီစုပ်ထုတ်ခြင်းကို ခေတ္တမျှ လုပ်ပေးရုံနှင့် ဗိုက်သား
 ချပ်ချပ်ရပ်ရပ်နှင့် သွေးသားသန့်စင်ကာ မအိုသေးတဲ့သူ အပျိုလေးနဲ့ တူနိုင်ပါသည်။

ယခု ထိုနည်းကို ပေးမည်။

မီးဖွားပြီးစ လျော့ရဲနေသော ဝမ်းဗိုက်ကို ချပ်လာစေရန် လည်းကောင်း၊မကောင်းသော 
အညစ်အကြေးများ ကုန်စင်ပြီးသွေးသားသန့်စင်ကြည်လင်လာစေရန်လည်းကောင်း  
 ရည်ရွယ်၍ ဆေးစည်းခြင်းကို ပြုကြပါသည်။

ဆေးစီမံနည်းမှာ………..

၁။  ငရုတ်ကောင်း    ၃ ကျပ်သား

၂။ ပရုတ်မှုန့်          ၃ ပဲသား

၃။ လေးညင်း         ၅  ကျပ်သား

ယင်းဆေးသုံးပါးကို ကြိတ်၍ တောအရက်  ၁၂  ကျပ်  ရှစ်ပဲသား နှင့်  ကြိုတင်၍ စိမ်ထားပါ။
မီးဖွားပြီးနောက် ဗိုက်ကို လိမ်းစေပြီး အသင့်ချုပ်ထားသော ဗိုက်အပြည့်လုံသော အဝတ်ဖြင့်
(corset) ပတ်စည်းပေးပါက အညစ်အကြေးသန့်စင်ခြင်း၊ ဗိုက်မရွဲဘဲ ဗိုက်ချပ်ခြင်း၊ အကြော
ပြတ်မှုနည်းခြင်း၊ဗိုက်သားများတွန့်ရှုံ့မှု ပြေပျောက်ခြင်း၊ ရေဖျဉ်း၊လေဖျဉ်း စသည်တို့ မဖြစ်စေဘဲ လှလှပပ ချပ်ချပရပ်ရပ်နှင့်တစ်သားမွေးတစ်သွေးလှစေမည့် အကျိးကျေးဇူးများ
 ရမည်ဖြစ်ပါသည်။ ပျိုအလှတို့ မိမိတို့  ကိုယ်ကာယကို ထိန်းနိုင်ပါစေ။
ဒေါက်တာ အောင်နိုင်
 ဆေးသုတေသန
ကျန်းမာကြပါစေ...မင်းမင်းဇော်ထံမှကူးယူဖော်ပြပေးပါသည် လေပြေ

အံ့ဖွယ်ကျောက်ချဉ်

ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်ဆာလဖိတ်နဲ့ ပိုတတတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စားလေ့
ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရား
နဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။

ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်
ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ  ကျောက်ချဉ်သည် ဖန်သည်၊ချိုသည်၊ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကို
ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။ အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။  အစာကိုကြေ  စေသည်။ သည်းခြေအားနည်းသည်ကို
လည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။  သွေး၊ သည်းခြေ၊ လေ၊ သလိပ်
တို့ အပူလွန်ခြင်း၊ အူသိမ်,အူမ  တွင်  ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော  ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ်လက်
ကိုက်ခဲသောအနာ ၊ သွေး၊ အသားခြောက်ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊
မျက်စီနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို  နိုင်၏ လို့ ဆိုထားပါတယ်။

ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့  တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေ
တဲ့ တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ချဉ်၊ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း ၊ အနာများကို
အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် ) (ကျင်ကြီိးပေါက်၊ဆီးပေါက်)
ကို ကျုံ့စေ၊ကျဉ်းစေခြင်းစတဲ့ အကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။

ထိမိခိုက်မိလို့ ဒဏ်ရာ အနာတရဖြစ်ရင်၊ အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့
သွေးလို့ လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက်ပါလိမ့်မယ်။ ဆံပင်၊မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါတယ်။ ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲ
တမ်း ဆောင်ထားလေ့ရှိပြီး  ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။




ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ  စာအုပ်မှ ကောင်းနုတ်ထားပါသည်။

ဆေးဖက်ဝင် ပင်စိမ်းပင်

ပင်စိမ်းပင်
      
ဆေးပင်အဖြစ်သာမက ဘာသာရေးစာပေတွေမှာပါ အတွေ့ရများတဲ့ အပင်တွေထဲမှာ ပင်စိမ်းပင်

ဟာ ထင်ရှားပါတယ်။ ပင်စိမ်းနဲ့ ပတ်သက်ရင် ဗုဒ္ဓစာပေ၊ဟိန္ဒူစာပေနဲ့ ခရစ်ယာန်စာပေတွေမှာ တခမ်း
တနားတွေ့ရမှာဖြစ်ပါတယ်။ 
ဗုဒ္ဓစာပေဖြစ်တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ အနက် ဝေဿန္တာရာဇာတ်ပါဠိတော်ကြီးမှာ  နီလပုမ္ဖိ သေတပါရီ၊ 
ကလေရုက္ခ တုလသီဟိ လို့ ပါရှိရာမှာ တုလသီ ဆိုတဲ့ ပါ   ဠိဝေါဟာရဟာ

ပင်စိမ်းပင်ကို ညွန်းပါတယ်။
ဟိန္ဒူ ဘာသာရေးကျမ်းတွေမှာတော့ ပင်စိမ်းပင် အကြောင်းကို အများကြီးတွေ့ ရပါတယ်။
ပင်စိပ်းပင်ဟာ ဗစ်ရှနူး(vishnu) လို့ခေါ်တဲ့ ဗိဿနိုးနတ်မင်းကြီးနဲ့ လက်ချေမီးနတ်သမီးတို့ကို
ပူဇော်တဲ့ ၊ မြင့်မြတ်တဲ့ပန်းပင်အဖြစ် အသိများပါတယ်။ ပင်စိမ်းပင်ကို ပူဇော်ခဲ့ရင် ချမ်းသာကြွယ်
ဝတာ၊ကျန်းမာတာ၊ ပျော်ရွှင်တာ၊ အခြွေအရံပေါများတာ……စတဲ့ အကောင်း လောကဓံနဲ့  ကြုံရ
ဆုံရပြီး ဗိဿနိုးနတ်မင်းကြီးရဲ့ စောင်ရှောက်မှုကိုလည်း ခံစားရမယ်လို့ ယုံကြည်ကြပါတယ်။
အထူးသဖြင့် ပင်စိမ်းပင်ကို အိမ်ထောင်ရှင် ဟိန္ဒူအမျိုးသမီးများ ပူဇော်ပါတယ်။
ဒီလို့ ပူဇော်တဲ့ အတွက် အိမ်ထောင်ရေး သာယာစေတယ်၊ လင်ယောကျာင်္းကျန်းမာပြီး မိမိပေါ် 
သစ္စာ ရှိစေတယ်၊ ချမ်းသာကြွယ်ဝစေတယ်၊ လိမ္မာတဲ့ သားသမီးတွေ ရစေတယ်လို့ 
စွဲမှတ်ယုံကြည်ကြပါတယ်။
ဒါ့ပြင် ပင်စိမ်းပင်ဟာ သီတာဒေဝီရဲ့ နိမိတ်ပုံဖြစ်တာမို့ ရာမာယဏဇာတ်တော်ကြီးနဲ့ ဆက်နွယ်နေပြန်ပါတယ်။
ပင်စိမ်းပင်ကို ခရစ်ယာန် ဘာသာဝင်တွေကလည်း Holy Basil လို့ခေါ်ပြီး အထွတ်အမြတ်ထားကြပါတယ်။
ရှေးခေတ် ရောမနဲ့ ဂရိတိုင်းသားတွေကလည်း မြတ်နိုးပသခဲ့ကြကြောင်း မှတ်တမ်းတွေရှိပါတယ်။
ပင်စိမ်းပင်ဟာ ယေရှုခရစ်တော်ရဲ့ ဂူပေါ်မှာပေါက်ရောက်တဲ့ အတွက် မြင့်မြတ်တဲ့ အပင်လို့ သတ်မှတ်ကြပါတယ်။ စိန့်ဘေးဆဲလ်နေ့ (Saint Basil Day)မှာပင်စိမ်းကိုင်းကလေးတွေ
ကိုယ်စီကိုင်ဆောင်ပြီး ဘုရားရှိခိုးကျောင်းကို သွားကြပါတယ်။
ဘုရားကျောင်းက အပြန်မှာ ပင်စိမ်းကိုင်းကလေးကိုပြန်ယူလာခဲ့ကြပါတယ်။ ပင်စိမ်းရွက် တချို့ကို ခြွေပြီး မိမိတို့အိမ် ကြမ်းပြင်ပေါ်
ဖြန့်ကြဲကြပါတယ်။ ဒီလိုလုပ်ရင် ဘေးရန်တွေကို ကာကွယ်နိုင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေတယ်လို့ယုံကြည်ကြပါတယ်။
ပင်စိမ်းပင်ဟာ ဘာသာရေးအရ အထွတ်အမြတ်ထားရတဲ့ အပင်ဖြစ်သလို ကျန်းမာရေး အတွက်လည်း အထူးအားကိုရတဲ့ ဆေးပင်ဖြစ်နေပါတယ်။ 
အိန္ဒယနိုင်ငံ က ပဒုမုတ္တရပူရာတာဆိုတဲ့  ကျမ်းကြီးမှာ မိမိတို့  အိမ်၊ ခြံဝင်းအတွင်း
ပင်စိမ်းပင်စိုက်ပျိုးထားဖို့ လမ်းညွန်ထား ပါတယ်။ အဲဒီလိုစိုက်ထားရင် မြေသန့်ပြီးသားဖြစ်သွားတဲ့ အတွက် အန္တရာယ်အပေါင်း ကပ်ရောဂါတွေ မကျရောက်၊ မကပ်ငြိနိုင်ဘူးလို့
ဆိုထားပါတယ်။ ပင်စိမ်းရဲ့ ရနံ့ဟာ လေကို သန့်ပြန့်စေတယ်လို့လည်း သိရပါတယ်။
၁၉၀၄ ခုနှစ်က အိန္ဒယနိုင်ငံမှာ ဝိတိုရိယဥယျာဉ်ကြီးနဲ့ အဲလ်ဘတ် တိရစ္ဆာန်ရုံကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီနေရာဟာ ရေမြေကလည်း ကြမ်းလှတာမို့ အလုပ်သမားတွေ အဖျားအနာ များလှပါတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပြီး အပျက်အစီးလည်းများလှပါတယ်။ 
ဒီအခါ ဟိန္ဒူအလုပ်သမား တစ်ဦးက ပင်စိမ်းပင်တွေစိုက်သင့်ကြောင်း အင်္ဂလိပ်အာဏာ
ပိုင်တွေကို အကြံပြုပါတယ်။ အာဏာာပိုင်တွေက သဘောတူပြီး အဲဒီ ဥယျာဉ်ကြီိးထဲမှာ  ပင်စိမ်းပင်စိုက်ခင်းတွေကို ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက် စိုက်စေပါတယ်။ 
ထူးထူးခြားခြားပဲ  ငှက်ဖျားရောဂါကင်းစင်သွားပါတယ်။
 ၁၉၀၇ ခုနှစ်က ကျင်းပ ခဲ့တဲ့  Imperial Malaria Conference မှာ ပင်စိမ်းပင်ကို
ငှက်ဖျားရောဂါ ပျောက်စေတဲ့ ဆေးပင် အဖြစ် ကြေညာခဲ့ပါတယ်။
ပင်စိမ်းပင်မှာလည်း အမျိုးအများကြီးရှိပါတယ်။ ပင်စိမ်းကြီး၊ ပင်စိမ်းငယ်၊ ပင်စိမ်းရိုင်း၊
ပင်စိမ်းယဉ်၊တောပင်စိမ်း၊ ပင်စိမ်းဖြူ၊ ပင်စိမ်းညို၊ ပင်စိမ်းနက်၊
 ရွက်ကြီးပင်စိမ်း ….စတာတွေ အမျိုးမျိုးပါပဲ။
ရိုးရိုးပင်စိမ်းကိုပဲ အသုံးများပါတယ်။ သူရဲ့ ရုက္ခဗေဒ အမည်ကတော့ Ocimum Sanctum ဖြစ်ပါတယ်။
ဆေးတစ်ပင်လုံး (ပဉ္စငါးပါး) ဆေးဖက်ဝင်ပါတယ်။
မြန်မာဆေးကျမ်း တစ်စောင်ဖြစ်တဲ့ ရသဓာတုဆေးကျမ်းမှာ   မုချမတိမ်း၊ရွက်ပင်စိမ်းကား၊ မငြိမ်းထပ်တူ၊ပူသည်သဘော၊ သက်သောအခိုး၊ သို့အကျိုးကြောင့်၊ စားမျိုးအစာ၊
 ကြေစေရာ၏။ မှန်စွာလည်းကောင်း၊ဝမ်းမီးကောင်းမှ၊ မုခ ခံတွင်း၊ မြိန်ခြင်းရသာ၊
 အသံသာလျက်၊ထွက်သက်ကြူးလွန်၊ ထန်သောအနာ၊ ရသာပျက်ကင်း၊ ထမင်းညီးပေ၊ ငြိမ်းစေရရှင့်၊ သေမှ ဝါတာ၊ထိုးကြိတ်စွာသား၊ အနာကင်းလွတ်၊ မှတ်၏ မှတ်လော့   … 
လို့ ဆေးအကျိုးသွားတွေ ရေးသားထားတာ တွေ့ရပါတယ်။
ပင်စိမ်းပင်ကို ကမ္ဘာနဲ့ တစ်ဝန်း အများဆုံး အသုံးပြုတာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ အတွက် ပဲဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ အစာအိမ်ရောဂါတွေကို ပျောက်စေပါတယ်။ အစာလည်းကြေစေပါတယ်။ သည်းခြေကိုလည်း ထက်မြက်စေတာမို့ အဆိဓာတ်တွေကြေကျက်ရာမှာ
အကျိုးပြုပါတယ်။ အူတွင်းနေ ကပ်ပါးပိုးတွေ၊ သန်ကောင်တွေကိုလည်း ရှင်းလင်းစေပါတယ်။ အဖျားဝေဒနာဖြစ်ရင်လည်း ကိုယ်ပူကျပြီး အခိုးရစေပါတယ်။ ဒါပြင် ခရုသင်းရောဂါ၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးရောဂါတွေလည်း ပျောက်စေပါတယ်။
ပင်စိမ်းကို ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ နားပြည်ယိုရောဂါတွေ အတွက်လည်း အုံဆေး၊ ထည့်ဆေး၊ အဖြစ် သုံးနိုင်ပြန်ပါတယ်။
ပင်စိမ်းရွက်တွေကို ရေသန့်သန့် နဲ့ ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်တဲ့ အနာလုံးကြီဒတွေ၊
အကျိတ်တွေပေါ်မှာ အုံပေးရင် အရောင်လျော့ပြီး အမြစ်လည်း အမြန်ကျွတ်ထွက်ပါတယ်။
အသားနုတက်ပြီး အနာကျက်လည်းမြန်ပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ မိတ်ပေါက်၊ယားနာထ၊
ပွေးပေါက်၊ဝဲခြောက်ပေါက် စတာတွေ ဖြစ်ရင် ပင်စိမ်းကို သောက်လည်းသောက်၊ ပင်စိမ်းရွက်က
ညှစ်ယူလို့ရတဲ့ သတ္တုရည်ကို သံပရာရည်နဲ့ ရောပြီး လိမ်းပေးရင် အမြန်ပျောက်ကင်းစေပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆူရှားမား (Sushama) ဆိုတဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒီဆေးက လိမ်းဆေး၊
သောက်ဆေးနှစ်မျိုးလုံးပါပြီး နှင်းခူရောဂါအတွက် သီးသန့် ဖော်စပ်ထားတာပါ။ အဲဒီဆေးရဲ့ အဓိက ဆေးမည်က ပင်စိမ်းပင်ပါ။ နှင်းခူဝေဒနာရှင်တွေကို အဲဒီဆေးနဲ့ သိပ္ပံနည်းကျ
 ပေးကျွေးကုသ၊ သုတေသနလုပ်ကြည့်ရာမှာ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းချမ်းသာ
 ကြောင်းတွေရပါသည်။
နောက်စမ်းသပ်မှု တစ်ခုကတော့ အိန္ဒိယနိုင်ငံ၊ မဟာရပ်စစ်ပြည်နယ်၊ ဘန်ဒိုရဝါလ အနာကြီးရောဂါဆေးရုံ ( Bandorawala Leprosy Hospital ) မှာ ပြုလုပ်တာ ဖြစ်ပါတယ်။
ပင်စိမ်းကို စားဆေး၊ လိမ်းဆေး တွေ အဖြစ် စီမံပြီး အနာကြီးရောဂါနှစ်မျိုးဖြစ်တဲ့ အစိုမျိုးကိုရော
၊အခြောက်မျိုးကိုပါ ပေးကျွေးကုသ စမ်းသပ်ပါတယ်။ လူနာတွေကို ရက်၁၅၀ ကြာအောင် ပေးကျွေး ကုသပြီး နည်းစနစ် တကျ တွက်ချက်ကြည့်တဲ့ အခါ သိသိသာသာ သက်သာတာ တွေ့ရပါတယ်။
သိပ္ပံဝေါဟာရ အနေနဲ့  Statistically significant  ဖြစ်တယ်လို့ ဆိုပါတယ်။
ပင်စိမ်းကို အခြောက်မှုန့်ပြုပြီး ရှုဆေးအဖြစ် စီမံ၊ ရှုကြည့်စေတဲ့ အခါ ထိပ်ကပ်နာ အပြင် Ozoena လို့ခေါ်တဲ့ နှာခေါင်း အတွင်းမြှေးခြောက်ပြီး ရှုံ့သွားတဲ့ ရောဂါပါ
 ပျောက်ကင်းစေတာ တွေ့ရပါတယ်။
ပင်စိမ်းကို ပျားရည်နဲ့ ဖျော်ရည်အဖြစ် စီမံပြီး သောက်စေတဲ့ အခါ မျက်နှာ အသားအရေ နူးညံ့ချော မွတ်တယ်။
 အိန္ဒိယ၊နီပေါ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊
မော်ဒယ်တွေ ယုံယုံကြည်ကြည်နဲ့ အမြဲစွဲပြီး သုံးဆောင်ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဖျော်ရည်ဟာတုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
 ဒါပြင် ငှက်ဖျားမဖြစ်အောင်၊ ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်ပေးတာလည်း
 တွေ့ရပါတယ်။ ဒါကြောင့် ငှက်ဖျားတောထဲမှာ တာဝန်ထမ်းဆောင်နေရသူတွေ၊ 
ဝမ်းရောဂါဖြစ်ပွားနေတဲ့အရပ်မှာ ရောက်နေတဲ့သူတွေဟာ ပင်စိမ်းရွက် ငါးပဲသားကို
ပျားရည်နဲ့ ဖျော်ရည်လုပ်ပြီး နေ့စဉ် မှန်မှန် သောက်ပေးရင် အဲဒီရောဂါတွေဘေးက ကာကွယ်ပြီးသား
ဖြစ်ပါတယ်။
နားကိုက်တဲ့ အခါ ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ်ကို မီးအုံးပြီး နားထဲကို
 အရည်ညှစ်ထည့်ပေးရင်ပျောက်ကင်း စေပါတယ်။
ကလေးသူငယ်တွေ လေထိုးလေအောင့်ဖြစ်တဲ့ အခါ၊ သန်ထပြီး ဗိုက်နာတဲ့ အခါ ပင်စိမ်းရွက်ရည်နဲ့
ချင်းစိမ်းရည် ရောစပ်ပြီး သကြားလေး နည်းနည်းစပ်လို့ တိုက်ပေးရပါတယ်။ ပင်စိမ်းရွက် သတ္တုရည်ဟာအူတွင်းကပ်းတွေဖြစ်တဲ့  သန်ကောင်၊ တုတ်ကောင်တွေကို လည်း 
 သေစေပါတယ်။
ချောင်းခြောက်ဆိုးတာ၊ အဆုတ်လေပြွန်ရောင်တာ တွေဖြစ်ရင် ပင်စိမ်းရွက် သတ္တုရည်၊ ချင်းစိမ်းသတ္တု
ရည်၊ ကြက်သွန်နီသတ္တုရည်……. စတဲ့ အရည် သုံးမျိုးစပ်ပြီး သောက်ပေးရပါတယ်။ သတ္တုရည်ဆိုတာ ပင်စိမ်းရွက်ကို ညှစ်ယူလို့ရတဲ့ အရည် ၊
ချင်းစိမ်းကို ထုထောင်းပြီး ညှစ်ယူလို့ ရတဲ့ အရည်၊ ကြက်သွန်နီ
ကို မညက်တညက် ထုထောင်းပြီး ညှစ်ယူလို့ရတဲ့ အရည်တွေကို ခေါ်တာပါ။ အဲဒီ သတ္တုရည် သုံးမျိုးကိုစပ်ပြီး သောက်ပေးရင် သလိပ်ရ၊ရင်ချောင်ပြီး၊ချောင်းဆိုးလည်း အမြန်ပျောက်စေပါတယ်။ 
လည်ချောင်းနာတာ၊ လည်ချောင်းယားတာလည်း ပျောက်စေပါတယ်။

တင်းတိပ်၊မှဲ့ခြောက်၊ခရုသင်း စတဲ့ အရေပြားပေါ်က  အစက်အပြောက်တွေ ၊ အကွက်တွေကို ပျောက်တဲ့
ဆေးတစ်မျိုးကို ပင်စိမ်းရွက်နဲ့ စပ်ပြီး ဖော်လို့ရပါတယ်။  ဖော်စပ်နည်းကလည်း လွယ်ပါတယ်။ ကြေးနီဖလား
ကလေးတစ်လုံးကို ယူပါ။ ပြီးရင် ရှောက်ရည်နှစ်ဇွန်းထည့်ပြီး  ညသိပ်ထားပါ။ နောက်နေ့မှာ ပင်စိမ်းရွက်
သတ္တုရည်နှစ်ဇွန်း၊ ကသော့ပုပ်အရွက် သတ္တုရည်နှစ်ဇွန်းထပ်ထည့်ပါ။ အဲဒီဆေးရည်တွေပျစ်လာပြီဆိုတဲ့
အခါ ဖန်ပုလင်း သန့်သန့်ထဲ  ပြောင်းထည့်ပြီးထားပါ။ အဲဒီဆေးကို မျက်နှာ ၊ ခြေ…လက်  စတဲ့နေရာတွေ
မှာ လိုအပ်သလို  လူးပေးရင် တင်းတိပ်၊ မှဲ့ခြောက် စတဲ့ အစက်အပြောက်တွေ၊ ကြွက်နို့တွေတင်မကဘဲ
ခရုသင်းကိုပါ ပျောက်စေနိုင်ပါတယ်။

ဒေါက်တာအောင်နိုင် (ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ  စာအုပ်မှ ကောက်နုတ်ထားပါသည်။
မင်းမင်းဇော်…………..ထံမှကူးယူဝေမျှပေးသည်  လေပြေ

ဆီးချို၊ သွေးချိုရောဂါအတွက် ပျားမြီးရွက်ပင်

ဆီးချို၊ သွေးချို (Dibetes)ရောဂါကုသရေးအတွက်

တိုင်းရင်းဆေးဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်းသိမှတ်ဖွယ်...

(၁)။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)

(၂)။ မူရင်း= ထိုင်ဝမ်

(၃)။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာင်္ပူ၊အင်ဒိုနီးရှား၊

(၄)။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။

       အရွက်သည် ပျားကိုယ်အနောက်ပိုင်းနဲ့တူပြီးအရွက်ဘေးတွင် အထစ်များပါဝင်သည်။
 
       ရင့်သောအပင်များ၏ ပင်စည်သည် နီညိုရောင်ရှိသည်။

       အရိုး၊ အလက်ကိုဖြတ်၍ မြေတွင်စိုက်ရုံဖြင့် ရှင်သန်သည်။

       မျိုးပွားလွယ်သည်။

(၅)။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။

        (က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား

                 ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။

                 စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

               ( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

        (ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို

               ရေစင်စင်ဆေး၍ ဝါးစားရန်ဖြစ်သည်။

              စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
      
             ( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
 
       (ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ

             ရေသန့်သန့်ဖြင့်ဆေးပြီး ဝါးစားရန်ဖြစ်ပါသည်။

             စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

            ( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

      (ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက

              အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။

         မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တရပ်ထားလိုက်ပါ။

     (င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည်

         အထက်ပါ ပျားမြီးရွက်ကို စားခြင်းဖြင့်အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။

ဆီးချို၊သွေးချို ရောဂါနှင့် ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ လေ့လာထားတာရှိပါသည်။ဆီးချို၊ သွေး
ချို ရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲများပြားနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်
ရောဂါမျိုးဖြစ်ပါသည်။ အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည် ရောဂါဖြစ်ပါသည်။ မျိုးရိုးလိုက်၍ ဆီးချို၊
သွေးချိုရောဂါ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ကြီးသူ၊ငယ်သူ ဖြစ်ပါစေ ၊အစားအသောက် အနေအ
အထိုင် မဆင်ခြင်ပါက ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ်ဆေးလို့ ရောဂါမရှိပေမယ့်
တစ်ချိန်ချိန်မှာ ဆီးချို၊သွေးချိုရောဂါ ရှိလာနိုင်ကြောင်းလည်း လေ့လာသိရှိရပါသည်။

ဆီးချို၊သွေးချိုရှိလာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအနေ ပိုလာနိုင်ခြင်း၊ သွေးတိုးရောဂါခံ
ရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ ရှိလာပါက လေဖြတ်နှုန်း ပိုများလာနိုင်ခြင်း ၊ဆီးချို၊ သွေးချို ရောဂါ
ကြောင့် ဖြစ်လာနိုင်သော ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်ခြင်း ၊ ထိုအနာများသည်လည်း
ပျောက်ခဲခြင်း ၊ ထိုပြင် နောက်ဆက်တွဲ ရောဂါများစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ အစား
ဆင်းရဲခြင်းများပါ ခံစားရတတ်ပါသည်။
ဒါပေမယ့် ပျားမြီးရွက်ကို စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊သွေးချိုရောဂါကို သက်သာပျောက်ကင်း
အောင် ထိန်းသိမ်းထာနိုင်ကြောင်း တွေ့ရပါသည်။

ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း အတွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက်
စားသုံး၍ ရောဂါ ကို ထိန်းထား(control) လုပ်နိုင်သောကြောင့် အကျိုးထိရောက်မှုရှိနေကြောင်း သိရပါ
သည်။
ဆေးဖက်ဝင်ပျားမြီးရွက် နှင့် ဆေးဆောင်းပါးများ
စောငုဝါ
 ပျိုးဥယျာဉ်ခြံ၊ ၁ လမ်း၊  အောင်မင်္ဂလာရပ်ကွက်  ပျဉ်းမနားမြို့။

ပြန်လည်ဝေမျှပေးပါသည်  လေပြေ

ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်

တစ်နေ့တွင် စာရေးသူနှင့်အတူ တိုင်းရင်းဆေးဆရာ ဦးအေးချိုတို့ ကျောက်မြောင်း
အောင်မင်္ဂလာ မြို့ပတ်လမ်းရှိ ဦးသိန်းလှ(ဦးအန်းတူ) အလုပ်ရုံသို့ ရောက်ရှိသွားပါသည်။ ဆီးချို သွေးချို ရောဂါရှင် ဦးသိန်းလှ(ဦးအန်းတူ)ကို ကျန်းမာဝဖြိုးစွာ တွေ့လိုက်ရ၍ ဆရာ ဦးအေးချိုက---


ဦးသိန်းလှ အသားအရေ ပြောင်းလဲပြီး ကျန်းမာဝဖြိုးနေပုံထောက်တော့ ခင်ဗျားဆီးချိုရောဂါ တော်တော် အခြေအနေ ကောင်းနေပြီနဲ့တူတယ်။ ဘယ်လိုဆေးကောင်းတွေ့ပြီး ကျန်းမာဝဖြိုးလာတာလဲဆိုတာ
ပြောပြစမ်းပါဦး---

တခြားတော့ မဟုတ်ဘူး ဆရာချို၊ ကျွန်တော်တို့မိတ်ဆွေတစ်ယောက် ညွှန်ပြလိုက်လို့ ဆီးချိုကျ ဆေးပင်တစ်မျိုးရပြီး အညွှန်းအတိုင်း စားတာနဲ့ ဆီးချိုရောဂါ သက်သာသွားတာပဲ။

ဆေးပင်နာမည်က ဘာတဲ့လဲဗျ၊ အပင်ရှိရင်လဲ မျိုးပေးပါဦး၊ ကျွန်တော်တို့ သုတေသနလုပ်ပြီး
ရောဂါဝေဒနာရှင်တွေကို ညွှန်ပြရတာပေါ့။

ဆေးပင်နာမည်က ပျးမြီးရွက် အပင်လို့ ခေါ်တယ်။ အပြည့်အစုံသိချင်ရင်တော့ ကျွန်တော့်ကို ဆေးပင်ပေးတဲ့သူရဲ့ အညွှန်းအတိုင်း ပြောပြမယ်၊-ဟုဆိုကာ ဦးသိန်းလှ-က ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသော တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း
အောက်ပါအတိုင်း ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါသည်။

ဆေးပင်အမည်မှာ ပျးမြီးရွက်အပင် (bee's tail plant)ဟုခေါ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မူရင်းစိုက်ပျိုးကာ ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံများသို့ တိုင်းရင်းဆေး ဝါသနာရှင်များက မျိုးပွားယူခဲ့ကြောင်း၊ အပင်၏ ပုံသဏ္ဍာန်မှာ ပျင်ပျော့နွယ်ပင်ဖြစ်ကာ အရွက်သည် ပျားကိုယ်နောက်ပိုင်းနှင့် တူလျက် အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ပင်စည်နီညိုရောင်နှင့် အစိမ်းရောင် (၂)မျိုးရှိကြောင်း
လေ့လာတွေ့ရှိရသည်။

အရွက်သည် ပျားပြီးနှင့်တူကာ သာမန်အရွက်သည် အလျား(၄)လက်မခန့်နှင့် အနံ(၂)လက်မခန့် ရှိလျက် မြေသြဇာကောင်းလျှင် အလျား (၅)လက်မခန့်နှင့် အနံ(၂)လက်မခွဲခန့် ရှိသည်။ အခက်အလက်တို့ကို ဖြတ်၍ မြေတွင်စိုက်ရုံဖြင့် မျိုးပွားရှင်သန်လွယ်သည်။

ဆေးသုံးစွဲပုံ---
ဦးစွာ ဆီးချို သွေးချိုကို စစ်ဆေးတိုင်းတာရပါမည်။ ပုံမှန်ထက် အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် (၁)ရွက်အားရေသန့်သန့်နှင့် ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။
စားပြီး နောက်တစ်နေ့တွင် ဆီးချို သွေးချို ပြန်စစ်ကြည့်ပါ။ ပုံမှန်ဖြစ်သွားပါက ဆက်စားရန် မလိုပါ။
ဆီးချို သွေးချိုသည် (၂၀၀)နှင့် (၂၆၀)ကြား ရှိပါက ပျားမြီးရွက် (၃)ရွက်အား ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။
အကယ်၍ ဆီးချို သွေးချိုသည် (၄၆၀)ကျော်ထိ ရှိပါက ပျားမြီးရွက် (၆)ရွက်မှ (၉)ရွက်အား
ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။


အကယ်၍ ဆီးချို သွေးချိုသည် ပျားမြီးရွက် အစားများ၍ တအားကျဆင်းသွားပါက လက်ဖက်ရည်အချို စသည့် စားစရာ ဖျော်ရည်တို့အား သုံးဆောင်နိုင်ပါသည်။ မူလအခြေအနေ (Normal Level) သို့ ရောက်သွားသောအခါ အချိုဖျော်ရည်၊ အစာတို့ကို ခေတ္တရပ်ထားလိုက်ပါ။ ဆီးချို သွေးချိုကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်စားသုံး၍ အဆင်ပြေခဲ့ကြောင်း လေ့လာသိရှိရပါသည်။


မူလအပင်အား မလေးရှားနိုင်ငံမှ (၂၀၀၁-၂၀၀၂)ခုနှစ်တွင် ရရှိခဲ့ပြီး ထပ်ဆင့် မျိုးပွားခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ပဲခူး၊ မြိတ်၊ ကောင့်သောင်း၊ ကျိုင်းတုံ၊ နမ်းခမ်း၊ တောင်ကြီး၊ ဝန်းသို၊ ဂန့်ဂေါ၊ မန္တလေး၊ ပျဉ်းမနား၊ လက်ပံတန်း၊ ဖားကန့်ဒေသများရှိ ဆီးချို သွေးချို ရောဂါဝေဒနာရှိသူများ၊ တိုင်းရင်းဆေးပင် စိတ်ပါဝင်စားသူများ လက်သို့ မျိုးပွားဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ဆီးချို သွေးချိုရှိသူ ဝေဒနာရှင် စားသုံးသူများအတွက် အကျိုးထိရောက်မှု ရှိကြောင်း သိရှိရပါသည်။

ဆရာ ဦးအေးချို၏ မိတ်ဆွေ ဦးသိန်းလှ (ဦးအန်းတူ) က ပျားမြီးရွက်အပင်၏မူရင်း စိုက်ပျိုးသောနိုင်ငံ၊ မျိုးပွား ယူခဲ့သော နိုင်ငံနှင့် ပျံ့နှံ့နေသည့် နေရာဒေသများအကြောင်း အကျယ်တဝင့် ပြောပြခဲ့ပါသည်။
နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်များနှင့် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များ အကျိုးရှိရှိ အသုံးချနိုင်ရန် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာမျက်နှာပေါ်မှ ရေးသားတင်ပြလိုက်ရပေသည်။


ဇော်ရဲနိုင်
(နက္ခတ္တ ၂၀၀၆-၃)
 ပြန်လည်ဝေမျှပေးပါသည်

Monday 2 September 2013

~~~နတ်သမီးရှာပုံတော် (၅) ~~~

ကာရံတွေပျောက်ည.
အိပ်စက်မရကာ
ကြယ်တွေကိုငေးမောလို့ 
မင်းအကြောင်းငါတွေးနေခဲ့ မိတယ်..
နတ်သမီးရေး...........
ချစ်ခြင်းအခွင့်ရှိနေသရွေ့ 
ငါ့အား..ချစ်ခွင့်ပေးပါနော်
တစ်နေ့ မှာဆုံနိုင်ရန်..
မျှော်လင့်ချက်တွေနှင့်
ယုံကြည်ကာထားလို့ ..
ငါ့အိမ်မက်လေးကို.
ဆက်ဆက်မက်ကာနေမိတယ်..
အပြင်မှာမင်းနဲ့ ဆုံခွင့်ရှိမယ်ဆို..
တစ်ထောင့်တစ်ညပုံပြင်တွေလည်း...
ပြောမပြချင်ဖူး..
ငါ့ရင်ထဲကချစ်ခြင်းပုံပြင်လေးကို..
မင်းကိုမနားးတမ်းပြောပြလိုက်ချင်တယ်..
နတ်သမီးရေးးး.......
ရင်မှဖြစ်တည်ငါ့ချစ်ခြင်းသည်.
ကမ္ဘာတွေပျက်သုနုး..
ဘ၀တွေအခါခါဖြစ်တည်လည်းပဲ...
ရှေ့ ဆက်ကာမင်းကိုပဲချစ်နေဦးမည်..
ရည်ရွယ်မှန်းဆ
ငါ့ရေးစပ်သီးကုံး..
အိမ်မက်နတ်သမီးသို့ 
သည်ကဗျာတွေထာဝရတည်ဖွဲပါ့ စေသားးးး..ကလေကချေ ဂျလေဘီ